မြို့ပြဘာသာရပ်၏ အဓိကရည်ရွယ်ချက်မှာ လမ်းတံတားများ၊ ရထားလမ်းများ၊ ရေကာတာများ၊ ဆည်မြောင်းတာတမံများ၊ ရေပေးဝေရေးစနစ်များ၊ ရေဆိုးမြောင်းများ၊ လူနေမှုအခြေခံအဆောက်အဉီများ ဆောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မြန်မြန်ဆန်ဆန် တိတိကျကျရရှိအောင် ဆောင်ရွက် ပေးနိုင်ရေးအတွက် လိုအပ်သောပညာများ သင်ယူလေ့လာနိုင်စေရန်ဖြစ်ပါသည်။ လူနေမှုအခြေခံအဆောက်အဉီ ဆောက်လုပ်ခြင်းသည် လူသားအားလုံးအတွက် မရှိမဖြစ် အရေးပါသောအရာဖြစ်သည့်အတွက် စနစ်တကျ ပုံစံထုတ်ခြင်း၊ ဒီဇိုင်းတွက်ချက်ခြင်း၊ ကုန်ကျစရိတ်တွက်ခြင်း၊ ပတ်ဝန်းကျင်သဘာဝအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သော ဘာသာရပ်များအကြောင်းကို မြို့ပြဘာသာရပ်တွင် သင်ကြားပေးမှာဖြစ်ပါတယ်။
သက်ဆိုင်ရာ ပရောဂျက်များအတွက် မြေနေရာ၊ လမ်းကြောင်းရွေးချယ်ခြင်း (Surveying)၊ ကုန်ကျစရိတ် တွက်ချက်ခြင်း (Estimating) ၊ တည်ဆောက်ရာတွင် အလုပ်သမားများ စနစ် တကျဖြစ်စေရန် လမ်းညွှန်မှု ပေးနိုင်ခြင်း(Supervising in brick-laying, carpentry jobs and concrete works)  စသည်တို့ကို ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပါသည်။
A.G.T.I (Civil) Diploma အောင်လက်မှတ်ရရှိဖို့အတွက် သုံးနှစ်ပညာသင်ကြားရမှာဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲနှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။ မြို့ပြဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့ (၆၀%) နှင့် (၄၀%) ဖြစ်ပါသည်။စာသင်နှစ်တစ်နှစ်အပြီးတွင်ပထမနှစ်နှင့်ဒုတိယနှစ်ကျောင်းသား/သူများမှာလုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို တစ်လပြုလုပ်ရမည်ဖြစ်ပြီး တတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို သုံးလ ပြုလုပ်ရမည်ဖြစ်ပါသည်။

ပထမနှစ်၌သင်ကြားပေးလျှက်ရှိသော မြို့ပြဘာသာရပ်များမှာ-

  1. Myanmar
  2. English for Communication
  3. Life Skills
  4. Applied Chemistry
  5. Social Science
  6. Occupational Safety and Health
  7. Applied Physics
  8. Applied Mathematics
  9. Engineering Mechanics
  10. Basic Engineering Drawing
  11. Surveying
  12. Building Materials and Constructions တို့ဖြစ်ပါသည်။

ဒုတိယနှစ်၌သင်ကြားပေးလျှက်ရှိသော မြို့ပြဘာသာရပ်များမှာ-

  1. Engineering Drawing,
  2. Structures
  3. Building Materials and Constructions
  4. Fluid Mechanics
  5. Roads and Bridges
  6. Elementary Surveying
  7. Workshop Practice တို့ဖြစ်ပါသည်။

တတိယနှစ်၌သင်ကြားပေးလျှက်ရှိသော မြို့ပြဘာသာရပ်များမှာ -

  1. Civil Engineering Drawing,
  2. Design of Reinforced Structure,
  3. Fundamentals of Concrete, Steel & Timber,
  4. Estimating and Specifications,
  5. Railway & Irrigation,
  6. Surveying,
  7. Building Services
  8. Workshop Practice (Furniture and Bar Bending) တို့ဖြစ်ပါသည်။

မြို့ပြအင်ဂျင်နီယာဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဆရာ၊ဆရာမစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်ခင်မာချိုM.E(Civil)တွဲဖက်ပါမောက္ခ
ဒေါ်စိမ့်စန္ဒာမိုးB.E(Civil)ကထိက
ဒေါ်အေးအေးသက်B.E(Civil)ကထိက
ဉီးကျော်ကျော်ဝင်းBE (Civil)ကထိက
ဒေါ်နှင်းအိသော်တာခိုင်B.E(Civil)ကထိက
ဒေါ်ဖြူမော်မော်B.E(Civil)ကထိက
ဉီးအောင်ကျော်ညွန့်B.E(Civil)နည်းပြ