လျှပ်စစ်စွမ်းအားဘာသာရပ်၏အဓိကရည်ရွယ်ချက်မှာ စက်ရုံများ၊အလုပ်ရုံများလည်ပတ်နိုင်ရန်အတွက်လျှပ်စစ်ဓာတ်အားမရှိမဖြစ်လိုအပ်သည်။လူနေအိမ်သုံးစွမ်းအင်သုံးစွဲမှု၏(၇၀%)ခန့်သည်လျှပ်စစ်စွမ်းအင်သာဖြစ်ပါသည်။အဓိကအသုံးပြုလျှပ်စစ်စွမ်းအားများထုတ်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊သုံးစွဲခြင်းများကိုလျှပ်စစ်စွမ်းအားဘာသာရပ်ကိုသင်ကြားခြင်းဖြင့်သိရှိစေရန် ရည်ရွယ်ပါသည်။
AGTI (EP) Diploma အောင်လက်မှတ်ရရှိဖို့အတွက်သုံးနှစ်ပညာသင်ကြားရမည်ဖြစ်ပြီးစာသင်နှစ်တစ်နှစ်ကိုစာမေးပွဲကြီးနှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။လျှပ်စစ်စွမ်းအားပညာဘာသာရပ်၏စာသင် ကြားမှုစနစ်မှာ လက်တွေ့(၆၀%)နှင့်စာတွေ့(၄၀%)ဖြစ်ပါသည်။စာသင်နှစ်တစ်နှစ်အပြီးတွင်ပထမနှစ် နှင့်ဒုတိယနှစ်ကျောင်းသား/သူများမှာလက်တွေ့ကွင်းဆင်းလေ့လာမှုများကိုတစ်လပြုလုပ်ရမည်ဖြစ်ပြီး၊ တတိယနှစ်ကျောင်းသား/သူများမှာလုပ်ငန်းခွင်သွားရောက်လေ့လာမှုများကိုသုံးလပြုလုပ်ရမည်ဖြစ်ပါသည်။
ပထမနှစ်၌သင်ကြားပေးလျှက်ရှိသော လျှပ်စစ်စွမ်းအားဘာသာရပ်များမှာ-
- Myanmar
- English for Communication
- Life Skills
- Applied Chemistry
- Social Science
- Occupational Safety and Health
- Applied Physics
- Applied Mathematics
- Engineering Mechanics
- Basic Technical Drawing
- Basic Electricity
- Mechanical Engineering Fundamentals
- Basic Analog and Digital Electronics တို့ဖြစ်ပါသည်။
ဒုတိယနှစ်၌သင်ကြားပေးလျှက်ရှိသောလျှပ်စစ်စွမ်းအားဘာသာရပ်များမှာ
• Electrical Engineering Circuit Analysis (EP-21011)
• Electrical Machines (EP-21021)
• Generation, Transmission and Distribution (EP-21013)
• Electrical Wiring Design and Illumination (EP-21015) တို့ဖြစ်ပါသည်။
တတိယနှစ်၌သင်ကြားပေးလျှက်ရှိသောလျှပ်စစ်စွမ်းအားဘာသာရပ်များမှာ
- Electrical Safety and Protection (EP-31012)
- Generation, Transmission and Distribution (EP-31014)
- Electrical Estimating (EP-31015)
- Electrical Machines (EP-31022)
- Industrial Motor Control (EP-31011) တို့ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်မေသီတာသန်း | M.E(EP) | ကထိက |
၂ | ဒေါ်စောခင်ဌေး | B.E(EP) | ကထိက |
၃ | ဒေါ်သင်းသင်းဆွေ | B.E(EP)Q | ကထိက |
၄ | ဒေါ်ဌေးဌေးလှိုင် | B.E(EP)Q | ကထိက |
၅ | ဒေါ််သွယ်သွယ်ညွှန့် | B.E(EP)Q | လ/ထကထိက |
၆ | ဒေါ်ဟင်္သာ | A.G.T.I(EP) | စက်မှုကျွမ်းကျင်-၄ |
၇ | ဒေါ်ရွှန်းရွှန်းဝင်းအိမ့် | A.G.T.I(EP) | စက်မှုကျွမ်းကျင်-၄ |
၈ | ဒေါ်သင်းသင်းမြတ် | A.G.T.I(EP) | စက်မှုကျွမ်းကျင်-၄ |