နောက်ခံသမိုင်းကြောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)ကို (၁- ၅- ၂၀၀၃) ရက်နေ့တွင် စတင် ဆောက်လုပ် ခဲ့ပြီး (၁၁- ၂- ၂၀၀၄) နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ (၁၁- ၃- ၂၀၀၄) မှ (၁၉- ၁- ၂၀၀၇) ထိ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ) အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ (၂၀- ၁- ၂၀၀၇) မှ (၃၁- ၇- ၂၀၂၂) ထိ အစိုးရနည်းပညာကောလိပ်(မြင်းခြံ) အဖြစ်တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။ (၁- ၈- ၂၀၂၂) မှ ယနေ့ထိ အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ) အဆင့်သို့ လျော့ချဖွင့်လှစ်ခဲ့ပါသည်။

ရည်မှန်းချက်
လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ကျွမ်းကျင်တတ်မြောက်ထားသော အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ပြီး ပြည်တွင်း၊ပြည်ပ အသိအမှတ်ပြုခံရသော သင်တန်းသားများ မွေးထုတ်ပေးရန်ဖြစ်သည်။
မျှော်မှန်းချက်
လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင် နှင့် ကျွမ်းကျင်လုပ်သားများကို စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်မည့် ကျောင်းတစ်ခု ဖြစ်လာရန် မျှော်မှန်းထားပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(မြင်းခြံ)ကျောင်း၌တာဝန်ထမ်းဆောင်ခဲ့သည့်ကျောင်း အုပ်ကြီးများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီးများမှာ
စဉ် | အမည် | ပညာ
အရည်အချင်း |
တာဝန်ထမ်းဆောင်သည့် | |
မှ | ထိ | |||
၁ | ဒေါ်ရီရီမြင့် | M.E(Civil) | ၁၁-၃-၂၀၀၄ | ၁၇-၂-၂၀၀၅ |
၂ | ဦးစည်သူဟန် | M.E(Che;) Russia | ၁၇-၂-၂၀၀၅ | ၂-၇-၂၀၀၇ |
၃ | ဒေါက်တာသက်သက်နွယ် | Ph.D(Arch;) | ၂-၇-၂၀၀၇ | ၂၉-၂-၂၀၀၈ |
၄ | ဒေါက်တာလင်းနိုင်ထွန်း | Ph.D(EC) | ၁-၃-၂၀၀၈ | ၂၃-၆-၂၀၀၈ |
၅ | ဒေါက်တာတိုက်စစ် | Ph.D(Mech;) | ၂၃-၆-၂၀၀၈ | ၂၀-၁-၂၀၀၉ |
၆ | ဒေါက်တာကျော်စိုးလွင် | Ph.D(EC) | ၂၀-၁-၂၀၀၉ | ၁၈-၁၁-၂၀၀၉ |
၇ | ဒေါက်တာကျော်စံဝင်း | Ph.D(EP) | ၁၈-၁၁-၂၀၀၉ | ၁၈-၃-၂၀၁၁ |
၈ | ဒေါက်တာအောင်ကျော်မင်း | Ph.D(Met;) | ၁၈-၃-၂၀၁၁ | ၂၂-၂-၂၀၁၆ |
၉ | ဒေါက်တာအောင်ဇော်ထွန်း | Ph.D(Mech;) | ၂၂-၂-၂၀၁၆ | ၂၃-၅-၂၀၁၈ |
၁၀ | ဒေါက်တာလေးမာန်ဝင့် | Ph.D(Mech;) | ၂၃-၅-၂၀၁၈ | ၁-၁၀-၂၀၂၃ |
၁၁ | ဒေါက်တာသီတာဆွေ | Ph.D(EP) | ၁-၁၀-၂၀၂၃ | ယနေ့ထိ |