သုတနည်းပညာဘာသာရပ်၏အဓိကရည်ရွယ်ချက်
သုတနည်းပညာဘာသာရပ်၏အဓိကရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် (Information) တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ ရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါသည်။ ယနေ့ခေတ်မှာ Input data တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ Process လုပ်ပြီး သတင်းအချက်အလက် (Information) အဖြစ်ပြုလုပ်ပေးနိုင်တဲ့ပစ္စည်းကတော့ Computer ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Computer တစ်လုံး၏အလုပ်လုပ်ဆောင်ပုံနှင့် Computer ကိုသုံးပြီး ICT နည်းပညာအကြောင်းတွေကို သုတနည်းပညာဘာသာရပ်မှာ သင်ကြားပေးမှာဖြစ်ပါတယ်။
A.G.T.I (IT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် သုံးနှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲကြီးနှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။ သုတနည်းပညာဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့ (၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို တစ်လပြုလုပ်ရမည်ဖြစ်ပြီး တတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို သုံးလ ပြုလုပ်ရမည်ဖြစ်ပါသည်။
သုတနည်းပညာ အင်ဂျင်နီယာ သင်ရိုးများ
သုတနည်းပညာဌာန၏သင်ရိုးညွှန်းတမ်းကို Programming, Networking နှင့် Web Development Technology ပိုင်းတို့အားလုံးပါဝင်အောင်ဖွဲ့စည်းထားပြီး ပထမနှစ်မှာတော့ ၎င်းတို့၏အခြေခံဘာသာရပ်တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။
ပထမနှစ်၌သင်ကြားပေးလျှက်ရှိသော သုတနည်းပညာဘာသာရပ်များမှာ-
- Myanmar
- English for Communication
- Life Skills
- Applied Chemistry
- Social Science
- Occupational Safety and Health
- Applied Physics
- Applied Mathematics
- Engineering Mechanics
- Basic Engineering Drawing
- Computer Hardware and System Administration
- Fundamentals of C Programming
- Analog and Digital Electronics တို့ဖြစ်ပါသည်။
ဒုတိယနှစ်၌သင်ကြားပေးလျှက်ရှိသော သုတနည်းပညာဘာသာရပ်များမှာ
- Programming in C++
- Network Fundamentals
- Web Design
တတိယနှစ်၌သင်ကြားပေးလျှက်ရှိသော သုတနည်းပညာဘာသာရပ်များမှာ
- Programming with C#
- Data Communication and Computer Networking
- Web Development Technology
ပေးအပ်မည့်certificate
AGTI (IT)
|
ကျောင်းဝင်ခွင့်သတ်မှတ်ချက်
အခြေခံပညာစနစ်သစ် KG+12 မှ Grade -9 အောင်မြင် ပြီးသူ |
အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းပြီးမြောက်သည့်နောက် တိုးတက် လာသော နည်းပညာသစ်များနှင့် အညီ တည်ဆောက် ထားသော စက်ရုံ အလုပ် ရုံ များတွင် wiring installation အပိုင်း၊ Industrial motor control အပိုင်း နှင့် PLC များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့် အကျိုးကျေးဇူးများကိုရရှိစေပါမည်။ |