အီလက်ထရွန်းနစ်ဘာသာရပ်ဆိုသည်မှာDC(Direct Current)ကို အသုံးပြုသော အီလက်ထရွန်းနစ် ဆားကစ်တွေကစပြီး ထိုဆားကစ်များကို အသုံးပြုသော ဆက်သွယ်ရေးနည်းပညာများ၊ အီလက်ထရွန်းနစ် ထိန်းချုပ်စနစ်များ၊ Computer ၏ အခြေခံအကြောင်းများ၊ Computer Chip တီထွင်ထုတ်လုပ်ပုံများ စသော ပညာရပ်များကို သင်ကြားရသော ဘာသာရပ်ဖြစ်သည်။

A.G.T.I (EC) Diploma အောင်လက်မှတ် ရရှိရန်အတွက် သုံးနှစ်ပညာသင်ကြားရမည် ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲနှစ်ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ အီလက်ထရွန်းနစ်ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%)နှင့်  စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား/သူများသည် လုပ်ငန်းခွင်သွားရောက် လေ့လာမှုများကို တစ်လပြုလုပ်ရမည်ဖြစ်ပြီး တတိယနှစ် ကျောင်းသား/သူများသည်  လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို သုံးလပြုလုပ်ရမည်ဖြစ်သည်။

ပထမနှစ်၌သင်ကြားပေးလျှက်ရှိသော မြို့ပြဘာသာရပ်များမှာ-

  1. Myanmar
  2. English for Communication
  3. Life Skills
  4. Applied Chemistry
  5. Social Science
  6. Occupational Safety and Health
  7. Applied Physics
  8. Applied Mathematics
  9. Engineering Mechanics
  10. Basic Technical Drawing
  11. Circuit Analysis
  12. Digital Electronics
  13. Analog Electronics တို့ဖြစ်ပါသည်။

ဒုတိယနှစ်သင်တန်း၌ သင်ကြားပေးလျှက်ရှိသော ဘာသာရပ်များမှာ

Computer & Programming- အခြေခံ Programming ဘာသာရပ်ကို နားလည် တတ်မြောက်စေရန် သင်ကြားပေးခြင်း ဖြစ်ပါသည်။

Analog Electronics- Semiconductor များအကြောင်း၊ Diode, Transistor, Thyristor များအကြောင်းနှင့် ၎င်းတို့ကို အသုံးပြု၍ Circuit များတည်ဆောက်ပုံ၊ Operational amplifier အကြောင်းများ ကို ပြဌာန်းထားပါသည်။

Electronic Communication Systems- ဆက်သွယ်ရေးကိရိယာများအတွက်  သတင်းအချက်အလက်များ၊ အသံ၊ ရုပ်ပုံ စသည်တို့ကို တစ်နေရာမှ တစ်နေရာ သို့မည်သို့ ပို့ဆောင်ရမည်ကို သင်ကြားရသော ဘာသာရပ်ဖြစ်သည်။ 2GECS ဘာသာရပ်၌ Communication System တွင်ပါဝင်သော Element တစ်ခုချင်းစီ ၏လုပ်ဆောင်ချက်အကြောင်း၊ Communication လုပ်ရာတွင် ကြားဝင်နှောင့်ယှက်လာသည့် Noise များအကြောင်း ၊ Modulation အကြောင်း တို့ကိုထည့်သွင်းသင်ကြားပေးပါသည်။

တတိယနှစ်သင်တန်း၌ သင်ကြားပေးလျှက်ရှိသော ဘာသာရပ်များမှာ

Applied Electronics- Transistor များ၏အခြေခံသဘောတရားများ နှင့်တိုင်းတာနည်းများ၊ ၎င်း Transistor များကိုအသုံးပြု၍ Amplifier တည်ဆောက်ခြင်း၊ Op-amp IC များ၏ အခြေခံ သဘောတရားများ၊ ၎င်း Op-amp IC များကိုအသုံးပြု၍ Amplifier တည်ဆောက်ခြင်းတို့ကို ဤဘာသာရပ်၌ ပြဌာန်းထားပါသည်။

Electronic Communication System- တတိယနှစ် ECS ဘာသာရပ်၌ Communication System တွင် Transmitter, Receiver တို့အလုပ်လုပ်ပုံ၊ Radio Frequency Range အမျိုးမျိုးအသုံးပြုပုံ၊ Noise၊ Channel၊ Modulation Process များအကြောင်း၊ AM Transmitter ၊ FM Transmitter ပိုင်းတွင်အသုံးပြုသော  Power Amplifier ၊ Audio Amplifier များအကြောင်း၊ Optical Fiber အမျိုးမျိုးတို့၏  ခြားနားချက်များ၊ Fiber ဆက်နည်းအကြောင်းတို့ကို ထည့်သွင်း ပြဌာန်း ထားပါသည်။

Industrial Electronics & Control- PLC Hardware အကြောင်း၊ Sensor ၊ Actuators ၊ Ladder Logic Programming ရေးသားပုံအကြောင်းများကို ဤဘာသာရပ်၌ သင်ကြားပေးမှာဖြစ်ပါသည်။

Data Communication & Networking- Networking နှင့် ပတ်သက်သော အခြေခံသဘောတရားများအကြောင်း၊ Network Type များအကြောင်း၊ Network Protocols များအကြောင်း၊ Computer တစ်လုံးနှင့် တစ်လုံး Network ချိတ်ဆက်ပုံအကြောင်းများကို သင်ကြားရမည်ဖြစ်ပါသည်။

Microcontroller Technology- Microcontroller များအကြောင်း၊ PIC18F45K22 အသုံးပြုပုံ၊ ၎င်းPICများကိုအသုံးပြု၍ Circuit များဖန်တီးပုံများကို ဤဘာသာရပ်၌ သင်ကြားရမည်ဖြစ်ပါသည်။

အီလက်ထရောနစ်နည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်မစ်ကီM.E(EC)တွဲဖက်ပါမောက္ခ
ဒေါ်သူဇာဝင်းB.E(EC)ကထိက
ဒေါ်သွယ်ဇင်ထွန်းM.E(EC)ကထိက
ဒေါ််အိအိမွန်B.E(EC)နည်းပြ
ဒေါ််အိအိဆွေAGTI(EC)စက်မှုကျွမ်းကျင်-၄
ဦးအောင်အောင်ဦးAGTI(EC)စက်မှုကျွမ်းကျင်-၄