စက်မှု့အင်ဂျင်နီယာဘာသာရပ်ဆိုသည်မှာ Welding, Machining Operation ,CNC Machine (Lathe and Milling ), Refrigeration and Air Conditioning , Automotive Technology  များကိုအခြေခံပြီး စက်ရုံ အလုပ်ရုံ များတွင်ရှိသော စက်မှု့ဆိုင်ရာအစိတ်အပိုင်းများကို အန္တရာယ်ကင်းစွာ စနစ်တကျ ဖြုတ်ခြင်း၊တပ်ခြင်း၊ထိမ်းသိမ်းခြင်း၊စမ်းသပ်ခြင်း၊ထုတ်လုပ်ခြင်းနှင့်ဒီဇိုင်းဆွဲခြင်းများကို သိရှိနားလည်စေရန် ရည်ရွယ်သင်ကြားခြင်းဖြစ်သည်။ စက်မှု့အင်ဂျင်နီယာတယောက်၏အဓိကရည်ရွယ်ချက်မှာ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့စွာသုံးစွဲနိုင်သော စက်အစိတ်အပိုင်းတခု သို့မဟုတ် စက်တလုံးကို ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

AGTI(MP)Diplomaအောင်လက်မှတ်ရရှိဖို့အတွက်သုံးနှစ်ပညာသင်ကြားရမည်ဖြစ်ပြီးစာသင်နှစ်တစ်နှစ်ကိုစာမေးပွဲကြီးနှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။စက်မှုဆိုင်ရာပညာဘာသာရပ်၏စာသင် ကြားမှုစနစ်မှာ လက်တွေ့(၆၀%)နှင့်စာတွေ့(၄၀%)ဖြစ်ပါသည်။စာသင်နှစ်တစ်နှစ်အပြီးတွင်ပထမနှစ် နှင့်ဒုတိယနှစ်ကျောင်းသား/သူများမှာလက်တွေ့ကွင်းဆင်းလေ့လာမှုများကိုတစ်လပြုလုပ်ရမည်ဖြစ်ပြီး၊ တတိယနှစ်ကျောင်းသား/သူများမှာလုပ်ငန်းခွင်သွားရောက်လေ့လာမှုများကိုသုံးလပြုလုပ်ရမည်ဖြစ်ပါသည်။

ပထမနှစ်၌သင်ကြားပေးလျှက်ရှိသော စက်မှုအင်ဂျင်နီယာဘာသာရပ်များမှာ-

  1. Myanmar
  2. English for Communication
  3. Life Skills
  4. Applied Chemistry
  5. Social Science
  6. Occupational Safety and Health
  7. Applied Physics
  8. Applied Mathematics
  9. Engineering Mechanics
  10. Basic Technical Drawing
  11. Principles of Electrical and Electronic Technology
  12. Mechanical Engineering Drawing
  13. Strength of Materials
  14. Workshop Technology တို့ဖြစ်ပါသည်။

ဒုတိယနှစ်တွင်သင်ကြားလျှက်ရှိသော ဘာသာရပ်များမှာ
1.Engineering Drawing
2.Strength of Material
3.Thermodynamics
4.Internal Combustion Engine
5.Theory of Machines
6.Production Technology တို့ဖြစ်သည်။

တတိယနှစ်တွင်သင်ကြားလျှက်ရှိသော ဘာသာများမှာ
1.Refrigeration and Air Conditioning
2.Automotive Technology
3.Fluid Mechanic
4.Internal Combustion Engine
5.Control Technology
6.Design of Machine Elements
7.Estimating and Shop Management တို့ဖြစ်သည် ။

စက်မှုအင်ဂျင်နီယာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်ဥမ္မာခင်ဆွေဝင်းထွန်းB.E(Mech)တွဲဖက်ပါမောက္ခ
ဦးကျော်ပြည့်ဖြိုးME(Rocket Engine) Russiaတွဲဖက်ပါမောက္ခ
ဒေါ်ဇင်မိုးခိုင်BE(Mech)ကထိက
ဒေါ်ဝတ်မှုံထွေးAGTI(Mech)ကထိက
ဦးစိုးမင်းထွန်းBE(Mech)ကထိက
ဒေါ်အေးအေးနွယ်BE(Mech)ကထိက
ဒေါ်အေးစုကြည်BE(Mech)နည်းပြ
ဒေါ်စောမြတ်သူAGTI(MP)စက်မှုကျွမ်းကျင်(၄)