သုတနည်းပညာဘာသာရပ်၏အဓိကရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် (Information) တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ ရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါသည်။ ယနေ့ခေတ်မှာ Input data တွေကို မြန်မြန်ဆန်ဆန်တိတိကျကျ Process လုပ်ပြီး သတင်းအချက်အလက် (Information) အဖြစ်ပြုလုပ်ပေးနိုင်တဲ့ပစ္စည်းကတော့ Computer ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Computer တစ်လုံး၏အလုပ်လုပ်ဆောင်ပုံနှင့် Computer ကိုသုံးပြီး ICT နည်းပညာအကြောင်းတွေကို သုတနည်းပညာဘာသာရပ်မှာ သင်ကြားပေးမှာဖြစ်ပါတယ်။
A.G.T.I (IT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် သုံးနှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲကြီးနှစ်ကြိမ်ဖြေဆိုရမည်ဖြစ်ပါသည်။ သုတနည်းပညာဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့ (၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို တစ်လပြုလုပ်ရမည်ဖြစ်ပြီး တတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို သုံးလ ပြုလုပ်ရမည်ဖြစ်ပါသည်။
ပထမနှစ်၌သင်ကြားပေးလျှက်ရှိသော သုတနည်းပညာဘာသာရပ်များမှာ-
- Myanmar
- English for Communication
- Life Skills
- Applied Chemistry
- Social Science
- Occupational Safety and Health
- Applied Physics
- Applied Mathematics
- Engineering Mechanics
- Basic Engineering Drawing
- Computer Hardware and System Administration
- Fundamentals of C Programming
- Analog and Digital Electronics တို့ဖြစ်ပါသည်။
ဒုတိယနှစ်၌သင်ကြားပေးလျှက်ရှိသော သုတနည်းပညာဘာသာရပ်များမှာ
- Programming in C++
- Network Fundamentals
- Web Design
တတိယနှစ်၌သင်ကြားပေးလျှက်ရှိသော သုတနည်းပညာဘာသာရပ်များမှာ
- Programming with C#
- Data Communication and Computer Networking
- Web Development Technology
သုတနည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ ဆရာမများစာရင်း
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်နုနုထွေး | ME (IT) | တွဲဖက်ပါမောက္ခ |
၂ | ဒေါ်အိအိစိုး | ME (IT) | ကထိက |
၃ | ဒေါ်စိုးစိုးအေး | ME (IT) | ကထိက |
၄ | ဒေါ်လွင်လွင်မာ | AGTI(IT) | ကထိက |
၅ | ဒေါ်လဲ့လဲ့အောင် | AGTI(IT) | စက်ကျွမ်း(၄) |