အီလက်ထရောနစ်အင်ဂျင်နီယာ
အီလက်ထရွန်းနစ်ဘာသာရပ်ဆိုသည်မှာDC(DirectCurrent)ကို အသုံးပြုသော အီလက်ထရွန်းနစ် ဆားကစ်တွေကစပြီး ထိုဆားကစ်များကို အသုံးပြုသော ဆက်သွယ်ရေးနည်းပညာများ၊ အီလက်ထရွန်းနစ် ထိန်းချုပ်စနစ်များ၊ Computer ၏ အခြေခံအကြောင်းများ၊ ComputerChip တီထွင်ထုတ်လုပ်ပုံများ စသော ပညာရပ်များကို သင်ကြားရသော ဘာသာရပ်ဖြစ်သည်။
A.G.T.I (EC) Diploma အောင်လက်မှတ် ရရှိရန်အတွက် သုံးနှစ်ပညာသင်ကြားရမည် ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲနှစ်ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ အီလက်ထရွန်းနစ်ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%)နှင့် စာတွေ့(၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား/သူများသည် လုပ်ငန်းခွင်သွားရောက် လေ့လာမှုများကို တစ်လပြုလုပ်ရမည်ဖြစ်ပြီး တတိယနှစ် ကျောင်းသား/သူများသည် လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို သုံးလပြုလုပ်ရမည်ဖြစ်သည်။
သင်ရိုးညွှန်းတမ်း (Courses)
အီလက်ထရွန်းနစ်ဌာန၏သင်ရိုးညွှန်းတမ်းကို Communication ၊ Computer ၊ Control ၊ Circuit ပိုင်းအားလုံးပါဝင်အောင် ရေးဆွဲထားပါသည်။
ပထမနှစ်၌သင်ကြားပေးလျှက်ရှိသော မြို့ပြဘာသာရပ်များမှာ-
- Myanmar
- English for Communication
- Life Skills
- Applied Chemistry
- Social Science
- Occupational Safety and Health
- Applied Physics
- Applied Mathematics
- Engineering Mechanics
- Basic Technical Drawing
- Circuit Analysis
- Digital Electronics
- Analog Electronics တို့ဖြစ်ပါသည်။
ဒုတိယနှစ်သင်တန်း၌ သင်ကြားပေးလျှက်ရှိသော ဘာသာရပ်များမှာ
Computer & Programming- အခြေခံ Programming ဘာသာရပ်ကို နားလည် တတ်မြောက်စေရန် သင်ကြားပေးခြင်း ဖြစ်ပါသည်။
Analog Electronics- Semiconductor များအကြောင်း၊ Diode, Transistor, Thyristor များအကြောင်းနှင့် ၎င်းတို့ကို အသုံးပြု၍ Circuit များတည်ဆောက်ပုံ၊ Operational amplifier အကြောင်းများ ကို ပြဌာန်းထားပါသည်။
Electronic Communication Systems- ဆက်သွယ်ရေးကိရိယာများအတွက် သတင်းအချက်အလက်များ၊ အသံ၊ ရုပ်ပုံ စသည်တို့ကို တစ်နေရာမှ တစ်နေရာ သို့မည်သို့ ပို့ဆောင်ရမည်ကို သင်ကြားရသော ဘာသာရပ်ဖြစ်သည်။ 2GECS ဘာသာရပ်၌ Communication System တွင်ပါဝင်သော Element တစ်ခုချင်းစီ ၏လုပ်ဆောင်ချက်အကြောင်း၊ Communication လုပ်ရာတွင် ကြားဝင်နှောင့်ယှက်လာသည့် Noise များအကြောင်း ၊ Modulation အကြောင်း တို့ကိုထည့်သွင်းသင်ကြားပေးပါသည်။
တတိယနှစ်သင်တန်း၌ သင်ကြားပေးလျှက်ရှိသော ဘာသာရပ်များမှာ
Applied Electronics- Transistor များ၏အခြေခံသဘောတရားများ နှင့်တိုင်းတာနည်းများ၊ ၎င်း Transistor များကိုအသုံးပြု၍ Amplifier တည်ဆောက်ခြင်း၊ Op-amp IC များ၏ အခြေခံ သဘောတရားများ၊ ၎င်း Op-amp IC များကိုအသုံးပြု၍ Amplifier တည်ဆောက်ခြင်းတို့ကို ဤဘာသာရပ်၌ ပြဌာန်းထားပါသည်။
Electronic Communication System- တတိယနှစ် ECS ဘာသာရပ်၌ Communication System တွင် Transmitter, Receiver တို့အလုပ်လုပ်ပုံ၊ Radio Frequency Range အမျိုးမျိုးအသုံးပြုပုံ၊ Noise၊ Channel၊ Modulation Process များအကြောင်း၊ AM Transmitter ၊ FM Transmitter ပိုင်းတွင်အသုံးပြုသော Power Amplifier ၊ Audio Amplifier များအကြောင်း၊ Optical Fiber အမျိုးမျိုးတို့၏ ခြားနားချက်များ၊ Fiber ဆက်နည်းအကြောင်းတို့ကို ထည့်သွင်း ပြဌာန်း ထားပါသည်။
Industrial Electronics & Control- PLC Hardware အကြောင်း၊ Sensor ၊ Actuators ၊ Ladder Logic Programming ရေးသားပုံအကြောင်းများကို ဤဘာသာရပ်၌ သင်ကြားပေးမှာဖြစ်ပါသည်။
Data Communication & Networking- Networking နှင့် ပတ်သက်သော အခြေခံသဘောတရားများအကြောင်း၊ Network Type များအကြောင်း၊ Network Protocols များအကြောင်း၊ Computer တစ်လုံးနှင့် တစ်လုံး Network ချိတ်ဆက်ပုံအကြောင်းများကို သင်ကြားရမည်ဖြစ်ပါသည်။
Microcontroller Technology- Microcontroller များအကြောင်း၊ PIC18F45K22 အသုံးပြုပုံ၊ ၎င်းPICများကိုအသုံးပြု၍ Circuit များဖန်တီးပုံများကို ဤဘာသာရပ်၌ သင်ကြားရမည်ဖြစ်ပါသည်။
ပေးအပ်မည့်certificate
AGTI(EC)
ကျောင်းဝင်ခွင့်သတ်မှတ်ချက်
အခြေခံပညာစနစ်သစ် KG+12 မှ Grade -9 အောင်မြင်ပြီးသူ
အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းပြီးမြောက် အောင်မြင်ပါက Telecom Engineer, wireless Network Engineer, Fiber Installation and Maintenance Technician, Television Broadcast Station, Radio Station, Mobile Service Center, Control Engineer များအဖြစ် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ |
လက်တွေ့ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ




